ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် မြန်မာနိုင်ငံဘက်သို့ တရားမဝင် အင်တာနက်လိုင်းများ သွယ်တန်းပို့လွှတ်ပေးနေသည်ဟု သံသယရှိနေသော နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဧပြီလ ၂၉ ရက်)နံနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။နည်းပညာဆိုင်ရာ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ (TCSD)၏ သတင်းပေးပို့ချက်အရ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လွတ် ကျေးရွာအုပ်စု၊ ကျေးရွာအမှတ် ၃ ရှိ အဆိုပါ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံဘက်သို့ အင်တာနက်လှိုင်းများ ပို့လွှတ်နိုင်ရန် ကေဘယ်ကြိုးများ သွယ်တန်းထားသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။လက်ရှိတွင် သိမ်းဆည်းရမိသော အဆိုပါ သက်သေခံပစ္စည်း (၁၁) မျိုးကို ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်း၊ စုံစမ်းစစ်ဆေးရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်လိုက်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာဘက်သို့ အင်တာနက် တရားမဝင် သွယ်တန်းပေးနေသည့် မဲဆောက်ရှိ နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း
Apr 30 • 3:40 AM
Thailand
Local News
Share
| 17 | 0 | 0 | 0 |


