မြန်မာနိုင်ငံ၊မြစ်၀ကျွန်းပေါ်ဒေသမှ ကျေးရွာအချို့တွင် ယခုနောက်ပိုင်း မိကျောင်းအန္တရာယ်ကြုံမှု တစ်စစဖြင့် များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရေချိုရေငန်စပ် မိကျောင်းကြီးများသည် တဖြည်းဖြည်းနှင့် လူနေထိုင်ရာ မြစ်ချောင်းများအထိ နယ်မြေကျူးကျော် ဝင်ရောက်လာပြီး လူကို ကိုက်ချီစားသောက်လာသည့် ဖြစ်စဉ်များ တစ်စတစ်စဖြင့် အများအပြား ကြုံလာခြင်းလည်းဖြစ်သည်။လက်ရှိတွင် မိကျောင်းများသည် ၎င်းတို့၏ နယ်မြေကို ကျူးကျော်သူဟု ယူဆရသည့် မည်သည့်အရာကိုမဆို တိုက်ခိုက်လာပြီး ချောင်းကမ်းစပ်နေ ပြည်သူများနှင့် ရေလုပ်သားများမှာ ထိတ်လန့်လာခဲ့ကြရကြောင်း၊ မိကျောင်းများ၏ သဘာဝအရ မိတ်လိုက်ခြင်းနှင့် သားပေါက်ခြင်းပြုလုပ်သည့် ယခုကဲ့သို့သော ရာသီများတွင် အန္တရာယ်ပိုမိုကြီးမားလာကြောင်း ဆိုကြသည်။ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ ညပိုင်းအချိန်ခန့်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း အနီးတွင်ရှိသည့် အမဲချောင်းအတွင်း အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ လှေဖြင့်ငါးဖမ်းသွားရာ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Apr 30 • 2:53 AM
Myanmar
Ayeyarwady
Share
| 26 | 0 | 0 | 0 |


