back

နမ့်ခမ်းမြိုနယ်တွင် ကားတိုက်မှုဖြစ်ပွားပြီး အမျိုး သမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိ

Apr 29 • 12:04 PM

breaking-news

Myanmar

Shan

cover

နမ့်ခမ်းမြိုနယ်တွင် ကားတိုက်မှုဖြစ်ပွားပြီး အမျိုး သမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အမှတ်(၁၂) နမ့်ခမ်းမြို့နယ်တွင် ဧပြီလ (၂၉) ရက်နေ့ နံနက် (၆) နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး ကာစီနိုလောင်းကစားဝိုင်းမှ ထွက်လာ သော...

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အမှတ်(၁၂) နမ့်ခမ်းမြို့နယ်တွင် ဧပြီလ (၂၉) ရက်နေ့ နံနက် (၆) နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး ကာစီနိုလောင်းကစားဝိုင်းမှ ထွက်လာ သော ကားတစ်စီးသည် ကားမောင်းသူ အိပ် ငိုက်၍ လမ်းမှားမောင်းရာမှ တိုဟူးလိုက်ရောင်းနေသော စျေးသည်အမျိုးသမီး၏ ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်း ဖြစ်သည်။တိုက်မိခံရသူသည် အသက် (၅၀) ကျော် အမျိုးသ မီးတစ်ဦးဖြစ်ပြီး နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာ အုပ်စု၊ မန်ဟောင်းလုံ ကျေးရွာ နေထိုင်သူဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သဖြင့် နမ့်ခမ်းဆေးရုံသို့ ပိုဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိသည်။လက်ရှိအခြေအနေအရ ယာဉ်မောင်းသူဘက်မှ ဆေးကုသစရိတ်အဖြစ် ငွေကျပ် သိန်း (၃၀) ပေး အပ်ထားပြီး ဒဏ်ရာပြန်လည်သက်သာလာပြီးနောက် နှစ်ဖက်အပြန်အလှန် ညှိနှိင်းဆွေးနွေးကာ ပြဿနာကို ဆက်လက် ဖြေရှင်းသွားမည်ဟု သိရသည်။အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာသင့်ကြောင်း နှင့် အိပ် ရေးပျက်ပြီး ယာဉ်မောင်းခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲပြီးယာဉ်မောင်းခြင်းများ မ ပြုလုပ်ရန် သတိ ပေး တိုက်တွန်းလိုပါသည်။



news-view-count-icon

19