ဒုတိယကမ္ဘာစစ်အတွင်း သံဖြူဇရပ်-ထိုင်း ရထားလမ်းဖောက်လုပ်ရင်း အသက်စွန့်ခဲ့ရသည့် မြန်မာချွေးတပ်သားများနှင့် မဟာမိတ်စစ်သုံ့ပန်းများကို ရည်စူး၍ ဧပြီလ ၂၈ ရက်က သံဖြူဇရပ်မြို့တွင် ကောင်းမှုကုသိုလ်ပြုပွဲ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဓမ္မရာမတောရစာသင်တိုက်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ အမျှပေးဝေခဲ့ကြသလို၊ မီးရထားပြတိုက်ဝင်းအတွင်းရှိ ရထားလမ်းစတင်ဖောက်လုပ်ခဲ့သည့်နေရာ၌လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။ ၁၉၄၃ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည့် ဤသေမင်းတမန်ရထားလမ်းစီမံကိန်းတွင် ၁၃ လတာကာလအတွင်း မြန်မာချွေးတပ်သား ကိုးသောင်းခန့်နှင့် စစ်သုံ့ပန်း တစ်သောင်းကျော် သေဆုံးခဲ့ရကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်
သံဖြူဇရပ်-ထိုင်း သေမင်းတမန်ရထားလမ်းတွင် သေဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ် ကုသိုလ်ပြုဆုတောင်းပွဲ ကျင်းပ
Apr 29 • 7:39 AM
Myanmar
Mon
Share
| 26 | 0 | 0 | 0 |


