အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း) လူမှုဖူလုံရေးအဖွဲ့က လူနာ(၁,၁၄၆,၆၈၅)ဦးကိုကုသပေးခဲ့ပြီး ဆေးဖိုးပြန်အမ်းမှု(၇၇,၈၀၇)မှုအ တွက် ငွေကျပ်(၇,၉၇၄ ဒသမ ၃၉၆)သန်းကိုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 29 • 7:25 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


