back

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်နှင့် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး၊ ဆားဘီးယားသံအမတ်ကြီးတို့တွေ့ဆုံ

Apr 29 • 7:23 AM

breaking-news

Myanmar

International

cover

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်နှင့် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး၊ ဆားဘီးယားသံအမတ်ကြီးတို့တွေ့ဆုံ

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro ၊ အာဆီယံဆိုင်ရာ ဆားဘီးယာ...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro ၊ အာဆီယံဆိုင်ရာ ဆားဘီးယားသံအမတ်ကြီး H.E Ivana Golubovic Duboka တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro နှင့် ဧပြီ ၂၇ ရက်ကတွေ့ ဆုံ၍ မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံကြား ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ပူးပေါင်းဆောင်ရွက်မှုများအရှိန်မြှင့်တင်ရေး၊ အာဆီယံနှင့် ဘရာဇီးလ်နိုင်ငံကြား ကဏ္ဍအလိုက်ဆွေးနွေးဖက်/မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

24