back

ရခိုင်တွင် ပညာသင်ကြားရေး အခက်အခဲရှိသော ကလေးငယ်များအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဟုဆို

Apr 29 • 6:59 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် ပညာသင်ကြားရေး အခက်အခဲရှိသော ကလေးငယ်များအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဟုဆို

ရခိုင်ပြည်က မြို့နယ်များတွင် ပညာသင်ကြားရေး အခက်အခဲရှိနေသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးသွားမည်ဟု ULA တာဝန်ရှိသူများထံမှ သိရသည...


ရခိုင်ပြည်က မြို့နယ်များတွင် ပညာသင်ကြားရေး အခက်အခဲရှိနေသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးသွားမည်ဟု ULA တာဝန်ရှိသူများထံမှ သိရသည်။ပညာသင်ကြားရန် အမှန်တကယ် အခက်အခဲရှိနေသော ကျောင်းသား၊ ကျောင်းသူများကိုသာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာ အလိုက်ရှိနေသည့် ULA တာဝန်ခံများမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။ လက်ရှိ ရခိုင်ပြည်တွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးခြင်းနှင့် စစ်ဘေးရှောင် အရေအတွက် တိုးမြင့်လာခြင်းကြောင့် မိဘများမှာ ကျောင်းစရိတ်မတတ်နိုင်သည့်အတွက် ကလေးငယ်များကို ပညာသင်ကြားရန် အခက်အခဲ ရှိနေကြခြင်းဖြစ်သည်။ ကလေးငယ်များ ပညာသင်ကြားခွင့် မရခြင်း၊ ကျောင်းထုတ်လိုက်ရခြင်းတို့ကြောင့် ရခိုင်ပြည်ရှိ ကလေးငယ်များအားလုံး ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် အာရက္ခတပ်တော် ULA က ပညာသင်စရိတ် ထောက်ပံ့ပေးပြီး အခမဲ့ပညာသင်ကြားခွင့် ကို စတင်လာခြင်းဖြစ်သည်။

news-view-count-icon

29