back

တနင်္သာရီတိုင်း၊ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးတွင် ကဆုန်လပြည့်နေ့ စတုဒိသာလှူဒါန်းမည်

Apr 29 • 3:57 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးတွင် ကဆုန်လပြည့်နေ့ စတုဒိသာလှူဒါန်းမည်

တနင်္သာရီတိုင်း၊ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတော် ဝင်းအတွင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဧပြီလ ၃၀ ရက်နေ့)တွင် မြို့ခံများ စုပေါင်း၍ စတုဒိသ...

တနင်္သာရီတိုင်း၊ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတော် ဝင်းအတွင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဧပြီလ ၃၀ ရက်နေ့)တွင် မြို့ခံများ စုပေါင်း၍ စတုဒိသာ အလှူကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။မြို့ခံပရဟိတအသင်းအဖွဲ့အချို့နှင့် ပြည်သူအချို့က ဘုရားဖူးလာသူများကို မုန့်လက်သုတ်၊ အချိုရည်၊ မုန့်လက်ဆောင်းနှင့် အခြားအဆာပြေမုန့်များကို ကျွေးမွေးလှူဒါန်းပေးမည်ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် စတုဒိသာ လှူဒါန်းရန် စာရင်းပေးထားသည့် အလှူရှင် ရှစ်ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း ကဆုန်လပြည့်နေ့ လောကမာရဇိန်ဘုရားကြီးတွင် စတုဒိသာ သွားရောက်လှူဒါန်းမည့် Best Friends သွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူ ကိုသန်းဇော်က ပြောသည်။

news-view-count-icon

23