back

နေပြည်တော်၌ ပန်တနော်ဘက်မှလာသည့် မြက်ဖျာများအရောင်းတွင်ကျယ်နေ

Apr 29 • 3:55 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်၌ ပန်တနော်ဘက်မှလာသည့် မြက်ဖျာများအရောင်းတွင်ကျယ်နေ

နေပြည်တော်စျေးကွက်အတွင်း ယခုနောက်ပိုင်းတွင် အပူချိန်မြင့်တက်လာမှုနှင့်အတူ အပူခံကာ ဈေးသင့်သည့် မြက်ဖျာများမှာ ပန်းတနော်ဘက်မှ ဝင်ရောက်လာသလို အရောင်းအဝယ်သွက်နေကြေ...

နေပြည်တော်စျေးကွက်အတွင်း ယခုနောက်ပိုင်းတွင် အပူချိန်မြင့်တက်လာမှုနှင့်အတူ အပူခံကာ ဈေးသင့်သည့် မြက်ဖျာများမှာ ပန်းတနော်ဘက်မှ ဝင်ရောက်လာသလို အရောင်းအဝယ်သွက်နေကြောင်း ဒေသခံများကြားမှ သိရသည်။မြက်ဖျာလေးများမှာ ဈေးမကြီးဘဲ အသုံးပြုရာတွင် အေးမြသည့်အတွက် အခြေခံလူတန်းစားများကြား၌ အသုံးပြုမှုများနေပြီး အပူရှောင်သူများမှလည်း အရိပ်ရသောသစ်ရိပ်ဝါးရိပ် အေးသောနေရာများတွင် မြက်ဖျားလေးများခင်းကာ အနားယူရန်လည်း ဝယ်ယူအသုံးပြုကြသည့်အတွက် ပို၍ရောင်းကောင်းနေကြကြောင်း သိရသည်။ထိုမြက်ဖျာများကို ယခင်နှစ်များကတစ်ချပ် ၃,၀၀၀ ကျော်သာ ဝယ်ရသော်လည်း ပြီးခဲ့သည့်နှစ် ငလျင်အပြီးတွင် သုံးစွဲသူပိုများလာပြီး တစ်ချပ်လျှင် ၅,၀၀၀ ကျပ်အထိ ဈေးမြင့်သွား၍ ယခုနှစ်တွင် တစ်ချပ် ၆,၀၀၀ ကျပ် ရောင်းချကြောင်း သိရသည်။

news-view-count-icon

23