တာချီလိတ်မြို့၏ တစ်ဖက်ကမ်း၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Wat Phra That Doi Wao (Skywalk) မှန်တံတားကို ဧပြီလ ၂၇ ရက် ညပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ (ဧပြီ ၂၈ ရက်) မှစတင်ကာ ယာယီပိတ်ထားကြောင်း သိရသည်။ မှန်တံတားရှိ မှန်များ ထိခိုက်ပျက်စီးခြင်းမရှိသော်လည်း ဘုရားရင်ပြင်တော်ပေါ်ရှိ အဆောက်အအုံအချို့နှင့် ထီးတော်မြေခခြင်းများ ရှိခဲ့သဖြင့် လာရောက်လည်ပတ်သူများ ဘေးကင်းစေရန် အပျက်အစီးများ စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို တာဝန်ရှိသူများက ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် အလည်အပတ်သွားရောက်၍ မရနိုင်သေးကြောင်း သိရှိရပါသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မယ်ဆိုင်ရှိ ဦးအောင်ဇေယျမှန်တံတား (Skywalk) ကို ယာယီပိတ်ထား
Apr 28 • 8:41 AM
Thailand
Local News
Share
| 9 | 0 | 0 | 0 |


