ထိုင်းနိုင်ငံ၊ ပါချင်ဘူလီခရိုင်ရှိ သတ္တုသန့်စင်စက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ညှိုးနှစ်ဆစ် ဖြတ်တောက်ခဲ့ရသည့် မြန်မာအမျိုးသမီး မခင်ဇော်သင်းအတွက် ထိုက်သင့်သော နစ်နာကြေးရရှိရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လက စက်ချိန်းကြိုးညပ်မိပြီး ထိခိုက်ခဲ့သည့် အဆိုပါအလုပ်သမားအတွက် ဆေးကုသစရိတ်ကို စက်ရုံက ပေးဆောင်ခဲ့သော်လည်း အလုပ်နားနေချိန် ထောက်ပံ့ကြေးနှင့် လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ (ပကန်စန်ခွန်) ကိစ္စရပ်များတွင် တာဝန်ယူမှုမရှိသောကြောင့် ကူညီပေးရန် အလုပ်သမားက အဖွဲ့ထံ အကူအညီတောင်းခံလာခြင်း ဖြစ်သည်။ ယခုအခါ ၎င်း၏နစ်နာမှုများအတွက် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိစေရန် အလုပ်သမားအဖွဲ့က အမှုကို လက်ခံဆောင်ရွက်ပေးလျက် ရှိပါသည်။
ထိုင်းရှိ သတ္တုသန့်စင်စက်ရုံတွင် လက်ချောင်းဖြတ်တောက်ခဲ့ရသည့် မြန်မာအမျိုးသမီးအတွက် နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်နေ
Apr 28 • 8:04 AM
Thailand
Local News
Share
| 10 | 0 | 0 | 0 |


