၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၁၃ ရက်မှ စတင်ကာ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ မုတ်သုံလေသည် မေလကုန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ဇွန်လဆန်းတွင် မြန်မာနိုင်ငံမြောက်ပိုင်းသို့ အသီးသီးဝင်ရောက်မည်ဖြစ်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ပုံမှန်ထက် အပူချိန် ၁.၅ ဒီဂရီဆဲလ်စီးယပ်ခန့် ပိုမိုနိုင်ကြောင်း သိရသည်။ ထို့ပြင် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများသည် လက်ရှိရေမှတ်ထက် ၅ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်လာနိုင်သည့်အတွက် မြစ်ကမ်းအနီးနေထိုင်သူများ သတိပြုရန် အသိပေးထားပါသည်။
Apr 28 • 8:03 AM
Myanmar
Local
Share
| 28 | 0 | 0 | 0 |


