back

လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင် စတင်မည်

Apr 28 • 7:47 AM

breaking-news

Myanmar

Local

cover

လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင် စတင်မည်

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖ...

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ်သည်။ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း လယ်ယာသုံးစက်ကိရိယာချေးငွေထုတ်ချေးရေး အစီအစဉ်သစ်ကို  မေလဆန်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

34