back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးပြီး တစ်မြို့လုံး ဓာတ်အားပြတ်တောက်မှုဖြစ်ပွား

Apr 28 • 7:19 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးပြီး တစ်မြို့လုံး ဓာတ်အားပြတ်တောက်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ဧပြီလ ၂၇ ရက် ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့သဖြင့် နေရာအနှံ့အပြားတွင် သစ်ပင်များကျိုးကျကာ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်တို...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ဧပြီလ ၂၇ ရက် ညပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့သဖြင့် နေရာအနှံ့အပြားတွင် သစ်ပင်များကျိုးကျကာ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်များ ထိခိုက်ပျက်စီးခဲ့ပြီး ည ၈ နာရီကျော်မှစတင်ကာ တစ်မြို့လုံး ဓာတ်အားပြတ်တောက်ခဲ့ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီထံမှ သိရသည်။ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက သစ်ပင်သစ်ကိုင်းများကို အရေးပေါ်ဖယ်ရှားရှင်းလင်းခဲ့ရာ ည ၉ နာရီခွဲခန့်တွင် မြို့ပေါ်ရပ်ကွက်အချို့၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ပြီး၊ ကျန်ရှိနေသည့် ပျက်စီးမှုနေရာများကိုလည်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆက်လက်ပြုပြင်ရှင်းလင်းလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

23