back

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၆ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Apr 28 • 6:54 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၆ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ သမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်အထိ (၁၆) ရက်ကြာ ကျင်းပသွားမည်ဖြစ်...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ သမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်အထိ (၁၆) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ ပွဲတော်ကာလအတွင်း ဒေသထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ပေါင်းများစွာ ခင်းကျင်းရောင်းချမည့်အပြင် ကလေးကစားကွင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် စမ်းရေမိုးဇာတ်အဖွဲ့နှင့် ကောင်းစစ်ဟိန်းဇာတ်အဖွဲ့တို့က ကဇာတ်ရုံတွင် ကပြဖျော်ဖြေသွားကြမည်ဖြစ်သည်။ ဈေးဆိုင်ခန်းများကို မေလ ၁ ရက်မှ ၂၂ ရက်အတွင်း စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး၊ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အဆိုပါဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

23