ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး၏ ကြေညာ ချက်တွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်ခသည် (၅၅၀၀၀)ကျပ် ဖြစ်ပြီး အထူးကားအတွက် ကျပ် (၈၀၀၀၀) ဖြစ်သည်။ယခင်က ရိုးရိုးကားခမှာ (၆၀၀၀၀) ကျပ်ဖြစ်ပြီး အထူးကား သည် (၉၀၀၀၀)ကျပ် အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ထို့အတူ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွင်လည်း ရိုးရိုးကားလက်မှတ်ခကို (၄၀၀၀၀)ကျပ်မှ (၃၅၀၀၀) ကျပ် ၊ အထူးကားခကို (၆၅၀၀၀) ကျပ် မှ (၆၀၀၀၀)ကျပ်သို့ ပြန် လ ည်ထားသည်ကို တွေ့ရသည်။ထို့ပြင် မြတ်မန္တလာထွန်း၊ JJ Express ယာဉ်လိုင်းတို့လည်း ကားလက်မှတ်စျေးနှုန်းများကို စျေးပြန်ချပေးပြီး ပိုမိုသင့်တော်သော စျေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေပြီ ဖြစ် ကြောင်း ကြေညာထားသည်။
| 29 | 0 | 0 | 0 |


