နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ (၄)လမ်းဆုံဘေးတွင် ၂၇.၄.၂၀၂၆ ရက်နေ့၊ ၁၁နာရီ၂၅ မိနစ်အချိန် တောမီးလောင်မှုဖြစ်ပွား ခဲ့ပါသည်။ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းနှင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၂:၀၉ မိနစ် အချိန် မီးငြိမ်းပါသည်။



