ကမ္ဘာကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။၂၀၁၂ ခုနှစ်ကစတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ လူသိအများဆုံး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Shop App MM ကို ဧပြီလ ၂၉ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ် အထိပဲ အော်ဒါတွေလက်ခံပေးတော့မှာလို့ Daraz Myanmar Company Limitedကအသိပေးပါတယ်။မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါနိုင်ငံတွေမှာ အွန်လိုင်းကတစ် ဆင့် ကုန်စည်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစု Daraz Group ကို တရုတ်နိုင်ငံက Alibaba က ၂၀၁၈ ခုနှစ်ဝယ်ယူခဲ့ပါတယ်။အလီဘာဘာ ဟာ တရုတ်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံးနည်းပညာနှင့်အွန်လိုင်းအရောင်းအဝယ်(E-commerce)လုပ်ငန်းစုကြီးတစ်ခုဖြစ်ပါတယ်။လုပ်ငန်းရပ်နားလိုက်ရတဲ့ဆုံးဖြတ်ချက်ကလွယ်လွယ်ကူကူချခဲ့ရတာမဟုတ်ဘူးလို့ Daraz Myanmar Company Limited ကဆိုပါတယ်။
Apr 28 • 1:48 AM
Myanmar
Local
Share
| 80 | 0 | 0 | 0 |


