ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားနေတဲ့ ကားနှစ်စီးကိုစစ်ဆေးရာမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ယမန်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ထုတ်ပြန်ချက်ထဲမှာ အယုဒ္ဓယခရိုင်၊ အာရှလမ်းမကြီး အဝင်လမ်းပေါ်မှာ ကားနှစ်စီးကို မသင်္ကာတာကြောင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်းနဲ့ အတူ အယုဒ္ဓယကနေ ဘန်ကောက်မြို့သို့ သွားရောက်ကြမယ့် မြန်မာတွေကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြပါတယ်။ ကားနှစ်စီးက ယာဉ်မောင်း ၂ ဦးကို တရားမဝင် ဝင်ရောက်လာသူတွေကို ကူညီမှုနဲ့ အမှုဖွင့်ထားသလို မြန်မာလုပ်သားအားလုံးကိုတော့ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူဖို့ သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းထား ကြောင်းသိရပါတယ်။



