စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တောင်သူတွေအနေနဲ့ နေကြာပင်အကျိုးပြု ပျားမွေးမြူရေးလုပ်ငန်းတွေကို ဆောင်ရွက်လိုရင် ကူညီဆောင်ရွက်ပေးမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာဆန်းဝင်းက ပြောပါတယ်။ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာပန်းတွေ အထွက်နှုန်းတိုးဖို့ အတွက် ပျားမွေးမြူရေးကဏ္ဍာက အဓိက ကျတာဖြစ်ပါ တယ်။လာမဲ့ မိုးရာသီမှာ နေကြာပန်းစိုက်ပျိုးတဲ့တောင်သူတွေထဲက ပျားမွေးမြူးရေးကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ချင်တဲ့ သူတွေအနေနဲ့ သက်ဆိုင်ဌာနကို ဆက်သွယ်နိုင်သလို့ တောင်သူတွေအတွက် ကူညီပေးဖို့ အသင့်ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာဆန်းဝင်းက ပြောပါတယ်။
| 29 | 0 | 0 | 0 |


