မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ထို့ပြင် လူငယ်မျိုးဆက်သစ်များ၏ ဉာဏ်ရည်စွမ်းပကားကို ဖော်ထုတ်နိုင်ရန် လူငယ် (ကျား/မ) ကဏ္ဍများကိုလည်း ထည့်သွင်းထားသဖြင့် မျိုးဆက်သစ် ကြယ်ပွင့်ကစားသမားကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဉာဏ်ရည်ထက်မြက်သည့် ကစားသမားများ စုဆုံမည့်ပြိုင်ပွဲဖြစ်ကာ အမျိုးသား (၁၃) သင်းနှင့် အမျိုးသမီး (၁၁) သင်း၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား (၁၉၅) ဦးခန့်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။



