back

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် သီတဂူဆရာတော်ကြီး တရားဟောကြားတော်မူမည်

Apr 27 • 1:47 PM

breaking-news

Myanmar

Yangon

cover

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် သီတဂူဆရာတော်ကြီး တရားဟောကြားတော်မူမည်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအ ခမ်းအနားကို ဧပြီ...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအ ခမ်းအနားကို ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ သုံးရက်တိုင်ကျင်းပသွားမည်ဖြစ်သည်။အဆိုပါ မဟာမင်္ဂလာအခမ်းအနားစတင်သည့် ဧပြီ ၃၀ ရက်ညပိုင်းတွင် သီတဂူဆရာတော်ကြီးက အထူးတရားပွဲဓမ္မသဘင်အဖြစ် တရားနာဧည့်ပရိတ်သတ်များကို နိဗ္ဗာန်ရောက်ကြောင်း တရားတော်များဟောကြားတော်မူသွားမည်ဖြစ်သည်။ထို့ပြင် မေ ၁ ရက်နှင့် မေ ၂ ရက်တို့တွင်လည်း စာတမ်းဖတ်ပွဲများကျင်းပသွားမည်ဖြစ်သည်။





news-view-count-icon

22