back

အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချ

Apr 27 • 10:14 AM

breaking-news

Myanmar

Yangon

cover

အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချ

စက်သုံးဆီဈေး ကျဆင်းတဲ့အတွက် အဝေးပြေးယာဉ်လိုင်းတချို့ရဲ့ ကားလက်မှတ်ခတွေဟာ အခု ဧပြီလ နောက် ဆုံးပတ်ကစပြီး ဈေးနှုန်း လျှော့ချသည့်အပြင်အဲဒီအပြင် အရင်အတက်ဈေးနှုန်းတွေ...

စက်သုံးဆီဈေး ကျဆင်းတဲ့အတွက် အဝေးပြေးယာဉ်လိုင်းတချို့ရဲ့ ကားလက်မှတ်ခတွေဟာ အခု ဧပြီလ နောက် ဆုံးပတ်ကစပြီး ဈေးနှုန်း လျှော့ချသည့်အပြင်အဲဒီအပြင် အရင်အတက်ဈေးနှုန်းတွေနဲ့ ဝယ်ယူထားတဲ့ ကားလက်မှတ်တွေအတွက်အလည်း Check In ပြုလုပ် တဲ့အခါ ပိုငွေကို ပြန်အမ်းငွေအဖြစ် ပြန်လည်ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း အဝေးပြေး ယာဉ်လိုင်းတချို့က ကြေညာထားပါတယ်။မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးကတော့ ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်ခ ဟာ အရင်က ကျပ် ၆၀၀၀၀ ရှိခဲ့ရာကနေ အခုအခါ ၅၅၀၀၀ ကျပ်၊ အထူးကားဆိုရင် ကျပ် ၉၀၀၀၀ ကနေ ကျပ် ၈၀၀၀၀ ထိ ဈေးနှုန်း ကျဆင်းသွားတာလို့ သိရပါတယ်။ ရန်ကုန်-နေပြည်တော် ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်ခက အရင် ၄၀၀၀၀ ကျပ်ကနေ အခုအခါ ကျပ် ၃၅၀၀၀၊ အထူးကားဆိုရင် ကျပ် ၆၅၀၀၀ ကနေ ကျပ် ၆၀၀၀၀ ထိ ဈေးနှုန်းပြန်လည်ကျဆင်းသွားပါတယ်။ တခြား အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတချို့လည်း ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ကားလက်မှတ်ခ ကျပ် တစ်သောင်း ကျဆင်းလာသလို ရန်ကုန်-နေပြည်တော် ခရီးစဉ်မှာလည်း ကျပ်ငါးထောင် ပြန်လည်ကျဆင်းလာ တယ်လို့ စုံစမ်း သိရှိပါတယ်။




news-view-count-icon

32