back

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့်သစ်ပင်များလဲကျ၊ အဆောက်အဦးများ ထိခိုက်ပျက်စီး

Apr 27 • 2:51 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့်သစ်ပင်များလဲကျ၊ အဆောက်အဦးများ ထိခိုက်ပျက်စီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်မှ ၁၁ နာရီခန့်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ရာ မြို...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်မှ ၁၁ နာရီခန့်အတွင်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ရာ မြို့ပေါ်ရပ်ကွက်များအတွင်း သစ်ပင်များ လဲကျခြင်း၊ လမ်းပိတ်ဆို့မှုများနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီ ၂၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူများ၏ သတင်းပေးပို့ချက်အရ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ပရဟိတလူမှုကူညီရေးအသင်းများမှ အဖွဲ့ဝင် ၂၀ ခန့်တို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၂ စီးနှင့် သူနာတင်ယာဉ် ၁ စီး အသုံးပြုကာ ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

news-view-count-icon

17