ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ရှိ မြို့မဈေးကြီးတွင် ဧပြီလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး ဈေးအလယ်ရုံရှိ ဆိုင်ခန်းပေါင်း ၂၇၁ ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးလောင်ရာသို့ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ မီးသတ်ယာဉ် ၁၄ စီးနှင့် လူမှုကူညီရေးအသင်းများ လာရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး အဝတ်အထည်တန်းမှလွဲ၍ ကျန်ဈေးဆိုင်ခန်းအားလုံးနီးပါး ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
Apr 26 • 7:21 AM
Myanmar
Ayeyarwady
Share
| 22 | 0 | 0 | 0 |


