နိုင်ငံတော်အစိုးရ၏ စနစ်တကျ ကြပ်မတ်ဖြည့်တင်းမှုများကြောင့် လက်ရှိတွင် စက်သုံးဆီများကို ရက်ပေါင်း ၆၀ စာအထိ ဖူလုံစွာ သိုလှောင်ထားရှိနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း ပြည်တွင်း၌ ဈေးနှုန်းတည်ငြိမ်စေရန် ထိန်းကျောင်းပေးလျက်ရှိရာ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၅,၇၅၂ ကျပ်ဖြင့် ရောင်းချပေးနေသည့်အပြင် တောင်သူများအတွက် ဒီဇယ်တစ်ဂါလန်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့ပြင် ရေနံချက်စက်ရုံသစ်များ တိုးချဲ့ရန်နှင့် စက်ရုံဟောင်းများ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်နေပြီး၊ ဆီပြတ်လပ်မည်ကို စိုးရိမ်၍ တန်းစီဝယ်ယူခြင်းမျိုး မပြုလုပ်ဘဲ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါရန် ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါသည်။
စက်သုံးဆီ ရက် ၆၀ စာ ဖူလုံမှုရှိသည်အထိ သိုလှောင်ထားရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသိပေး
Apr 26 • 7:15 AM
Myanmar
Local
Share
| 31 | 0 | 0 | 0 |


