back

ရခိုင်ပြည်နယ်၊ကျောက်ဖြူမှာ ရွှံ့မီးတောင်တစ်လုံး ပေါက်ကွဲ

Apr 26 • 4:13 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊ကျောက်ဖြူမှာ ရွှံ့မီးတောင်တစ်လုံး ပေါက်ကွဲ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ ‌ရွှံ့မီးတောင်တစ်လုံး အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံရွာနဲ့ သစ်ပုတ်တောင်(ရေတပ်စခန်း)...

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ ‌ရွှံ့မီးတောင်တစ်လုံး အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံရွာနဲ့ သစ်ပုတ်တောင်(ရေတပ်စခန်း)ကြားမှာရှိတဲ့ ရွှံ့မီးတောင်ဟာ မနေ့ည (၁၁) နာရီလောက်မှာ အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဇင်ချောင်းလူငယ်ပရဟိတအသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ပြောပါတယ်။"အဲဒီတောင်က သုံးနှစ်တစ်ခါလောက် ပေါက်ထွက်တယ်။ ဒေသန္တရအခြေအနေအရ အပူချိန်ပြင်းတဲ့နှစ်တွေမှာဆို မကြာ မကြာပေါက်တယ်"လို့ ပြောပါတယ်။

news-view-count-icon

33