ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဖုန်း၊ ဆိုင်ကယ်အားသွင်းဖို့နဲ့ ရေတွင်းမပိုင်တဲ့အိမ်တွေက ရေရရှိဖို့ ခက်ခဲနေကြတယ်လို့ မြစ်ကြီးနားပြည်သူတစ်ဦးက ပြောပါတယ်။ကချင်ပြည်နယ်မှာ လျှပ်စစ်မီးအဓိကဖြန့် ဖြူးပေးနေတဲ့ ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံ ပြုပြင်ထိန်းသိမ်းနေတာကြောင့် နှစ်ပတ်လောက် လျှပ်စစ်မီးပြတ်တောက်မယ်လို့ ပြည်နယ်အစိုးရက ပြောသလို၊ ဘူးဂါးလျှပ်စစ်ရုံးကလည် ထုတ်ပြန်ခဲ့ပါတယ်။ဘက်ထရီအား အခမဲ့သွင်းယူလို့ရတဲ့ နေရာတွေရှိပေမဲ့ ပိုက်ဆံပေးသွင်းယူရတဲ့ နေရာတွေလည်းရှိတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊မြစ်ကြီးနားပြည်သူတွေ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် သောက်သုံးရေရဖို့ခက်နေပြီး ဖုန်းနဲ့ဘက်ထရီဆိုင်ကယ်တွေ အားသွင်းဖို့လည်း အခက်တွေ့နေ
Apr 26 • 3:25 AM
Myanmar
Kachin
Share
| 25 | 0 | 0 | 0 |


