ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ၂၀၂၇ ခုနှစ်၌ ဘတ် ၄ဝ သာကျမယ့် BTS ခရီးစရိတ် ၂ စနိုင်

Apr 26 • 2:48 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ၂၀၂၇ ခုနှစ်၌ ဘတ် ၄ဝ သာကျမယ့် BTS ခရီးစရိတ် ၂ စနိုင်

ထိုင်းအစိုးရဟာ ဘန်ကောက်မြို့ရဲ့ BTS နဲ့ MRT အပါအဝင် လျှပ်စစ်ရထားလိုင်းအားလုံးအတွက် "၄၀ ဘတ်” ပေါ်လစီကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး နှစ်သစ်ကူးလက...

ထိုင်းအစိုးရဟာ ဘန်ကောက်မြို့ရဲ့ BTS နဲ့ MRT အပါအဝင် လျှပ်စစ်ရထားလိုင်းအားလုံးအတွက် "၄၀ ဘတ်” ပေါ်လစီကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး နှစ်သစ်ကူးလက်ဆောင်အဖြစ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။ခရီးစဉ်တစ်ခုကို မိနစ် ၄၀ အတွင်း စီးနင်းမယ်ဆိုရင် ၄၀ ဘတ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အကယ်၍ မိနစ် ၄၀ ထက် ကျော်သွားမယ်ဆိုရင်တော့ နောက်ထပ် ၂၀ ဘတ် ထပ်တိုးမှာဖြစ်ပေမဲ့ တစ်နေ့တာအတွင်း လိုင်းပေါင်းစုံ ဘယ်လောက်ပဲ ကူးပြောင်းစီးနင်းနေပါစေ အများဆုံး ၆၀ ဘတ်ထက် မပိုစေရဘူးလို့ ဆိုပါတယ်။ဘူတာရုံ ၂ ခု ဒါမှမဟုတ် ၃ ခုလောက်ပဲ သွားမယ့် ခရီးတိုတွေအတွက်တော့ အမှန်တကယ်ကျသင့်တဲ့ နှုန်းထား (၄၀ ဘတ်အောက်နည်းပါက) အတိုင်းပဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ရေရှည်မှာ ထောက်ပံ့ကြေးစရိတ် လျှော့ချနိုင်ဖို့အတွက် နှစ်စဉ် ၅ ဘတ်နှုန်းနဲ့ ရထားခကို သေချာလေးစိစစ်သွားမယ်လို့ ပြောပါတယ်။

news-view-count-icon

13