back

မြန်မာနဲ့ တရုတ်တိုင်ပေအသင်းတို့ ခြေစမ်းပွဲကစား

Apr 26 • 2:44 AM

breaking-news

Myanmar

Local

cover

မြန်မာနဲ့ တရုတ်တိုင်ပေအသင်းတို့ ခြေစမ်းပွဲကစား

၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းနဲ့ တရုတ်တိုင်ပေ ယူ- ၁၇ အမျိုးသမီးအသင်းတို့ဟာ ခြေစမ်းပွ...

၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းနဲ့ တရုတ်တိုင်ပေ ယူ- ၁၇ အမျိုးသမီးအသင်းတို့ဟာ ခြေစမ်းပွဲယှဥ်ပြိုင် ကစားမည်ဖြစ်ကြောင်းသိရပါတယ်။မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းနဲ့ တရုတ်တိုင်ပေ ယူ- ၁၇ အမျိုးသမီးအသင်းနှစ်သင်းစလုံးဟာ ၂၀၂၆ အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ တရုတ်နိုင်ငံကို စောစီးစွာ ရောက်ရှိနေကြပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းနဲ့ တရုတ်တိုင်ပေ ယူ- ၁၇ အမျိုးသမီးအသင်းတို့ဟာ ဒီကနေ့ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ လေ့ကျင့်ရေးခြေစမ်းပွဲ (Training Match) အဖြစ်ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းဟာ ဧပြီ (၂၃) ရက်ကလည်း ဖိလစ်ပိုင် ယူ- ၁၇ အမျိုးသမီးအသင်းနဲ့ လေ့ကျင့်ရေးခြေစမ်းပွဲကစားခဲ့ပြီး ရလဒ်ကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

news-view-count-icon

35