back

ပြည်တွင်း၌ပန်းဈေးကျဆင်းမှုကြောင့် တောင်သူများအခက်တွေ့သော်လည်း လက်လီဈေးကွက်၌ စျေးမြင့်တက်မှုများဖြစ်နေ

Apr 26 • 2:37 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ပန်းဈေးကျဆင်းမှုကြောင့် တောင်သူများအခက်တွေ့သော်လည်း လက်လီဈေးကွက်၌ စျေးမြင့်တက်မှုများဖြစ်နေ

ပြည်တွင်း၌ပန်းဈေးနှုန်းများကျဆင်းလာမှုကြောင့် ပန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် စီးပွားရေးတွက်ခြေမကိုက်မှုများ ရင်ဆိုင်နေရသော်လည်း လက်လီစျေးကွက်အတွင်း၌ စျေး...

ပြည်တွင်း၌ပန်းဈေးနှုန်းများကျဆင်းလာမှုကြောင့် ပန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် စီးပွားရေးတွက်ခြေမကိုက်မှုများ ရင်ဆိုင်နေရသော်လည်း လက်လီစျေးကွက်အတွင်း၌ စျေးမြင့်တက်မှုများကြုံနေဆဲဖြစ်ကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။သယ်ယူစရိတ်မြင့်မားမှုကိုအကြောင်းပြ၍ ကုန်သည်များမှာ ခြံဖြတ်ဈေးနှုန်းများလျှော့ချလာသည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ပြန်လည်ရရှိရန်ပင် ခက်ခဲနေခြင်းဖြစ်လာခဲ့သည်။ခြံဖြတ်ဈေးနှုန်းများလျော့နည်းကျဆင်းလျက်ရှိသော်လည်း မန္တလေးလက်လီပန်းဈေးကွက်အတွင်းတွင်မူ ဈေးနှုန်းများဆက်လက်မြင့်တက်လျက်ရှိပြီး လက်စုပ်စည်းတစ်စည်းလျှင် ကျပ် ၇,၀၀၀ မှ ၈,၀၀၀ အထိရှိနေကြောင်း သိရသည်။

news-view-count-icon

38