ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကားဝယ်မယ်ဟုဆိုကာ ကားလာပြသူအမျိုးသားတစ်ဦးကို သေနတ်ဖြင့်အနီးကပ် ပစ်သတ်ခဲ့ပြီး ကားလုယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။ပြီးခဲ့သည့်ဧပြီ ၂၁ ညနေ ၄ နာရီကျော်တွင် လားရှိုးမြို့ ဗျူဟာလမ်း ၊ ဝရပ်ကွက် ၊ ပန်ဝိုင်လမ်းထဲတွင် ကားဝယ်မည့်သူများနှင့် ချိန်းဆိုတွေ့ကြပြီး ကားစမ်းမောင်းမည်ဟုဆိုကာ သေဆုံးသူနှင့်အတူကျူးလွန်သည့် နှစ်ဦး ထွက်ခွာသွားကြောင်း ယင်း နောက် ညနေ 5 နာရီ ဝန်းကျင်တွင် လားရှိုးမြို့ရဲ့နာမည်ကြီးဘုရားဖြစ်သည့် သာသနာ ၂၅၀၀ တောင်ခြေတွင် ကားပိုင်ရှင် ဖြစ်သူ ၏ အလောင်းကိုသာပြန်လည်တွေ့ရှိ ရရှိခဲ့ကြောင်း သိရသည် ။လူသတ်မှုအထိ ကျူးလွန်ကာ လုယက်ခံခဲ့ရသည့်ကားသည်လည်း ယခု ကာလပေါက်စျေးအရ သိန်း ၅၀၀ ဝန်းကျင်သာရှိပြီး ကားကို သက်ဆိုင်ရာ က ပြန်လည်တွေ့ရှိခဲ့ပေမဲ့ ကျူးလွန်သူအမျိုးသားနှစ်ဦးထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည် ။သေဆုံးသူမှာ အနေအေးသူဖြစ်ပြီး အရွယ်မရောက်သေးသည့် ၅ နှစ်အောက်သမီးငယ် နှစ်ဦးရှိကာ ကားအရောင်းအဝယ် လုပ်သည်မှာလည်းမကြာသေးကြောင်း လားရှိုးမြို့ခံ တစ်ဦးကပြောသည် ။သေဆုံးသူ၏ မိသားစုဝင်များပြောကြားချက်အရ
ကျူးလွန်သူနှစ်ဦးမှာ တစ်ယောက်က အရပ်ရှည် ရှည် အသားဖြူဖြူပိန်ပိန် ၊ ဆံပင်ကောက်ကောက်ဖြစ်ပြီး နောက်နောက် တစ်ယောက်မှာ အရပ်ခပ်ပုပု အသားခပ်ညိုညိုနှင့်ဖြစ် ကာ နှစ်ယောက်စလုံး T shirt အပေါ်မှာ Shirt အင်္ကျီ ထပ်ဝတ်ထားကြောင်း သိရပြီး လက်ရှိ ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည် ။



