မကွေးတိုင်းဒေသကြီးအတွင်း အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုအသင်းအဖွဲ့များကို မြို့နယ်အလိုက် ဖွဲ့စည်းထားကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ မကွေးတိုင်းသည် အပူပိုင်းဒေသဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့များစာရင်း၌ မကွေး၊ ချောက်နှင့် မင်းဘူးမြို့တို့ ပါဝင်နေသဖြင့် ဒေသခံများအနေဖြင့် ပြင်းထန်သောအပူဒဏ်ကို ရင်ဆိုင်နေရသည်။အပူဒဏ်အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်မှာ အဓိကဖြစ်သဖြင့် ကျန်းမာရေးဌာနက ဆောင်ရန်၊ ရှောင်ရန်များကို လိုက်လံနှိုးဆော်နေသည့်အပြင် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းများကိုလည်း ဖွင့်လှစ်ထားရှိသည်။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ရောဂါအခံရှိသူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို ပိုမိုဂရုစိုက်ကြရန် တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဦးက တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Apr 25 • 5:05 AM
Myanmar
Magway
Share
| 21 | 0 | 0 | 0 |


