back

မန္တလေး၌ဆိုလာဝယ်ယူတပ်ဆင်သူများလာကာ ဈေးအဆမတန်မြင့်တက်လာ

Apr 24 • 6:59 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ဆိုလာဝယ်ယူတပ်ဆင်သူများလာကာ ဈေးအဆမတန်မြင့်တက်လာ

မန္တလေး၌လျှပ်စစ်ဓာတ်အားရရှိချိန်နည်းပါးလာမှုကြောင့် မန္တလေးမြို့ခံအများအပြားမှာ ဆိုလာပြားများကို ဝယ်ယူအသုံးပြုလာရကြောင်း ဒေသခံများထံမှ သိရသည်။ဈေးနှုန်းများအဆမတန...

မန္တလေး၌လျှပ်စစ်ဓာတ်အားရရှိချိန်နည်းပါးလာမှုကြောင့် မန္တလေးမြို့ခံအများအပြားမှာ ဆိုလာပြားများကို ဝယ်ယူအသုံးပြုလာရကြောင်း ဒေသခံများထံမှ သိရသည်။ဈေးနှုန်းများအဆမတန်မြင့်တက်လာသည့်တိုင် ရာသီဥတုပူပြင်းမှုကြောင့် ပန်ကာနှင့်လေအေးပေးစက်များ သုံးစွဲရန်အတွက် ဆိုလာများ တပ်ဆင်လာခြင်းဖြစ်သည်။လက်ရှိအချိန်တွင် တစ်စုံလျှင်ပျမ်းမျှငွေကျပ် ၁၀ သိန်းဝန်းကျင်ကုန်ကျသည့် တရုတ်နိုင်ငံထုတ် ဆိုလာပြားနှင့် ဘက်ထရီအိုးများမှာ ပစ္စည်းပြတ်လပ်မှုများရှိလာသည်အထိ ရောင်းအားကောင်းလျက်ရှိကြောင်း ဒေသခံလျှပ်စစ်ပစ္စည်း ရောင်းချသူတစ်ဦးကဆိုသည်။ဆိုလာဈေးနှုန်းများမှာအမျိုးအစားပေါ်မူတည်၍ ယခင်လကထက် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

news-view-count-icon

24