back

စစ်ကိုင်းတိုင်း၊ရေဦးတွင် လေပြင်းတိုက်ပြီး အိမ်ပြိုသဖြင့် အပြင်ဘက် ထွက်ပြေးသူ အဘွားအို သစ်ပင်ပိ သေဆုံး

Apr 24 • 5:23 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊ရေဦးတွင် လေပြင်းတိုက်ပြီး အိမ်ပြိုသဖြင့် အပြင်ဘက် ထွက်ပြေးသူ အဘွားအို သစ်ပင်ပိ သေဆုံး

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျသဖြင့် အပြင်ဘက်သို့ ထွက်ပြေးသူ အဘွားအိုတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။ယမန်နေ့ ...

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျသဖြင့် အပြင်ဘက်သို့ ထွက်ပြေးသူ အဘွားအိုတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။ယမန်နေ့ ညနေပိုင်းတွင် ရေဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ပြင်းထန်နေစဉ် မီးမောင်းကုန်းကျေးရွာမှ အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးမှ ယမန်နေ့(ဧပြီ ၂၃ ရက်) သတင်းထုတ်ပြန်ထားသည်။ယင်းလေပြင်းကြောင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာ ၃၀ ဝန်းကျင်မှ အိမ်ခြေ ၅၀ ကျော်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

news-view-count-icon

27