တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီးများကို ပြေးဆွဲမည့် ကျွန်းပတ်လေယာဉ်ခရီးစဉ်ကို ဧပြီလ ၂၄ ရက်တွင် စတင်ပြေးဆွဲရန် စီစဉ်နေသည်။မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းနှင့် ထားဝယ်မြို့ကို တစ်ပတ်လျှင် ၆ ရက်နှုန်းဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အပတ်စဉ် တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ (စနေနေ့မပါ) ပြေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။လေယာဉ်လက်မှတ်အရောင်းဌာနများနှင့် နီးစပ်သူတစ်ဦးကမူ ဧပြီလ ၂၆ ရက်တွင် အခမ်းအနားလုပ်ရန် စီစဉ်နေသည်ဟု သိရကြောင်း ပြောဆိုသည်။
| 19 | 0 | 0 | 0 |


