ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်အပါအဝင် အရှေ့ပိုင်းခရိုင်များတွင် အသည်းရောင်အသားဝါ အေပိုး (hepatitis A) ကူးစက်ပြန့်နှံ့နေသဖြင့် ပြည်သူများ ကျန်းမာရေးသတိရှိကြရန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသိပေးထားသည်။ပြီးခဲ့သောရက်က ချွန်ဘူရီခရိုင် စက်ရုံထဲတွင် အလုပ်သမား ၅၅ ဦး အသည်းအရောင်အသားဝါ အေပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိပြီးနောက် ပြည်သူများ ကျန်းမာရေးအသိရှိကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။အလုပ်သမားများသည် စက်ရုံ စားသောက်ခန်းထဲရှိ ရေသန့်စက်တွင် ရေအတူသောက်ကြရာမှ ရောဂါကူးစက်သည်ဟု အာဏာပိုင်များက ယူဆထားကြကြောင်း ဖော်ပြသည်။သို့သော်လည်း ရေသန့်စက်ထဲရှိ ရေထဲတွင် ရောဂါပိုးကို မတွေ့ရကြောင်း ဆိုသည်။ ယခုနှစ်အတွင်း အသည်းရောင်အသားဝါ အေပိုး ကူးစက်ခံထားရသူ ၆၇၂ ဦးအထိ ရှိလာပြီး ပြီးခဲ့သောနှစ်ထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကာ ပြီးခဲ့သော ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်လာသည်။ ကူးစက်ခံရသူများမှာ အသက် ၅ နှစ်မှ ၆၇ နှစ်ကြား ဖြစ်ပြီး အများစုမှာ စက်ရုံအလုပ်သမားများဖြစ်ကာ ဘန်ကောက်၊ ချွန်ဘူရီ၊ ရယောင်၊ ပထုံဌာနီနှင့် ချန်ထဘူရီခရိုင်များတွင် ပိုမိုအဖြစ်များနေကြောင်း ဖော်ပြသည်။
Apr 24 • 1:56 AM
Thailand
Local News
Share
| 21 | 0 | 0 | 0 |


