မွန်ပြည်နယ်အတွင်းအခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်အတွင်း တိုင်းရင်းသားစာပေ သင်ကြားရေး ဆရာ၊ဆရာမများ တိုးမြှင့်ခန့်အပ်နိုင်ရေး လစာနှုန်းထားတိုးမြှင့်သွားရန်ရှိကြောင်း ပြည်နယ်တိုင်းရင်းသားစာပေယဥ်ကျေးမှုဦးစီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များအရ သိရသည်။တိုင်းရင်းသားစာပေသင်ကြားရေး အထောက်ကူပြု (Teaching Assistant-TA) ဆရာ၊ ဆရာမတစ်ဦး၏ ယခင်လစာ ၁၃,၀၀၀၀ ကျပ်ကို ၁၉၀,၀၀၀ ကျပ်နှုန်းသို့လည်းကောင်း၊ တိုင်းရင်းသားစာပေသင် (Language Teacher- LT) ဆရာ၊ဆရာမတစ်ဦး၏ ယခင်လစာ ၆၀,၀၀၀ ကျပ်ကို ၁၂၀,၀၀၀ကျပ်သို့လည်းကောင်း၊ ၂၀၂၅ ဒီဇင်ဘာလမှစ၍ တိုးမြှင့်ခွင့်ပြုရန် အစိုးရအဖွဲ့အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။



