back

တနင်္သာရီတိုင်း၌ ကိုရင်ငယ်အား ရိုက်နှက်ခဲ့သည့် ဦးဇင်းတေဇအား လူဝတ်လဲပြီး ဥပဒေအတိုင်းအရေးယူမည်

Apr 23 • 1:44 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၌ ကိုရင်ငယ်အား ရိုက်နှက်ခဲ့သည့် ဦးဇင်းတေဇအား လူဝတ်လဲပြီး ဥပဒေအတိုင်းအရေးယူမည်

တနင်္သာရီတိုင်း၊မြိတ်မြို့၌ ကိုရင်ငယ်တစ်ပါးအား ရိုက်နှက်ခဲ့သော ဦးဇင်းတေဇအား လက်ရှိအချိန်တွင် သိက္ခာချ၊ လူဝတ်လဲပြီးဖြစ်၍ ဥပဒေအတိုင်းတရားစွဲဆိုအရေးယူသွားမည်ဟု ၎င်...

တနင်္သာရီတိုင်း၊မြိတ်မြို့၌ ကိုရင်ငယ်တစ်ပါးအား ရိုက်နှက်ခဲ့သော ဦးဇင်းတေဇအား လက်ရှိအချိန်တွင် သိက္ခာချ၊ လူဝတ်လဲပြီးဖြစ်၍ ဥပဒေအတိုင်းတရားစွဲဆိုအရေးယူသွားမည်ဟု ၎င်းကိုရင်အရေးလိုက်ပါဆောင်ရွက်နေသော ဆရာတော် ဦးသုနန္ဒက မိန့်ကြားထားသည်။ကိုရင်အားရိုက်နှက်ခဲ့သူ ဦးဇင်းမှာ မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းတွင် သတင်းသုံးနေသော သံဃာတစ်ပါးဖြစ်သည်။အဆိုပါ ဦးဇင်းတေဇမှာ သင်္ကြန်ကာလ၊ ညပိုင်းအချိန်တွင် ကျောင်းတိုက်အတွင်း၌ ကိုရင်ငယ်တစ်ပါးအား တုတ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်ခြင်း၊ လက်ဝါးဖြင့် ရိုက်ခြင်း၊ ကျောင်းကြမ်းပြင်တွင် တရွတ်တိုက်ဆွဲခေါ်ခြင်းများပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင်များ လူမှုကွန််ယက်တွင် ပြန့်နှံ့နေလာတာဖြစ်သည်။ယင်းသို့ ပြန့်နှံ့လာပြီးနောက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှာ စုံစမ်းမှုများပြုလုပ်ပြီး လူဝတ်လဲလိုက်ခြင်းဖြစ်သည်။

news-view-count-icon

61