back

မန္တလေးမြို့၌ အပူချိန်မြင့်မားမှုကြောင့် ဦးနှောက်သွေးကြောပြတ် ‌ သေဆုံးခြင်းများ ကြုံလာနေ

Apr 22 • 2:19 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့၌ အပူချိန်မြင့်မားမှုကြောင့် ဦးနှောက်သွေးကြောပြတ် ‌ သေဆုံးခြင်းများ ကြုံလာနေ

မန္တလေးမြို့တွင် အပူချိန်မြင့်တက်နေမှုကြောင့် တစ်ပတ်အတွင်း သက်ကြီးပိုင်းအရွယ်သုံးဦးထက်မနည်း ဦးနှောက်သွေးကြောပြတ်ပြီး ‌ သေဆုံးခြင်းများရှိလာကြောင်း ဒေသခံများထံမ...

မန္တလေးမြို့တွင် အပူချိန်မြင့်တက်နေမှုကြောင့် တစ်ပတ်အတွင်း သက်ကြီးပိုင်းအရွယ်သုံးဦးထက်မနည်း ဦးနှောက်သွေးကြောပြတ်ပြီး ‌ သေဆုံးခြင်းများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။နေ့အပူချိန်အလွန်အမင်းမြင့်တက်နေချိန် နေအိမ်အတွင်း အခန်းအောင်းပြီးနေထိုင်ရာမှ ရုတ်တရတ်မူးလဲကျ ‌ သေဆုံးခြင်းများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။‌ သေဆုံးသူများသည် အသက်(၆၀)နှစ်ကျော်အရွယ်များဖြစ်ကြပြီး သုံးဦးလုံးအမျိုးသားများဖြစ်ကြကြောင်း၊ အပူချိန်ကြောင့် မူးလဲကျမှုဖြစ်စဥ်များသည် ညဦးပိုင်းတွင်အဖြစ်များကြောင်း၊ ဖြစ်စဥ်များအတွင်း အချိန်မီ အသက်ကယ်တင်နိုင်ခဲ့သူများလည်း ရှိသည်ဟုသိရသည်။

news-view-count-icon

20