back

ပဲခူးတိုင်းဒေသကြီး၏ (၆) ကြိမ်မြောက် မြန်မာ့နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် ကျင်းပ

Apr 21 • 3:57 AM

breaking-news

Myanmar

Bago

cover

ပဲခူးတိုင်းဒေသကြီး၏ (၆) ကြိမ်မြောက် မြန်မာ့နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် ကျင်းပ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယည) ကို ဧပြီလ ၁၉ ရက်တွင် ကျင်းပခဲ့ရာ ပဲခူးမြိ...

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယည) ကို ဧပြီလ ၁၉ ရက်တွင် ကျင်းပခဲ့ရာ ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတက "သြဝါဒကထာ" ခေါင်းစဉ်ဖြင့် တရားတော်များ ဟောကြားတော်မူခဲ့သည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ၊ တရားနာပရိသတ်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး၊ ဝန်ကြီးချုပ်က ဓမ္မပူဇာ အလှူငွေကျပ် (၇၅) သိန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

29