ထိုင်းနိုင်ငံရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် အိမ်သာတက်သည့် အမျိုးသမီး ၃၀ ကျော်အား ဗီဒီယိုခိုးရိုက်ခဲ့သော မြန်မာလုပ်သားကို ဖမ်းမိ

Apr 21 • 3:38 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် အိမ်သာတက်သည့် အမျိုးသမီး ၃၀ ကျော်အား ဗီဒီယိုခိုးရိုက်ခဲ့သော မြန်မာလုပ်သားကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၁ နှစ်အရွယ် မြန်မာလုပ်သား စောညီညီနိုင် (ခေါ်) Mr. Be ဆိုသူသည် အိမ်သာတက်သည့် ...

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၁ နှစ်အရွယ် မြန်မာလုပ်သား စောညီညီနိုင် (ခေါ်) Mr. Be ဆိုသူသည် အိမ်သာတက်သည့် အမျိုးသမီး ၃၀ ကျော်အား ဖုန်းဖြင့် ဗီဒီယိုခိုးရိုက်ခဲ့မှုကြောင့် Bang Sri Muang ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည်။ ဧပြီလ ၁၉ ရက်က အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး အိမ်သာတက်စဉ် ခိုးရိုက်ခံရမှုကို ရိပ်မိ၍ ဖမ်းမိရာမှ ဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်း၏ဖုန်းအတွင်း လွန်ခဲ့သည့် ၃ လကျော်ကတည်းက ခိုးရိုက်ထားသော ဗီဒီယိုများစွာကို တွေ့ရှိခဲ့ရသည်။ ပြစ်မှုကျူးလွန်သူသည် အဆိုပါဗီဒီယိုများကို တယ်လီဂရမ်အဖွဲ့များတွင် မျှဝေရောင်းချနေသည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေကာ လက်ရှိတွင် ၎င်းကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

14