back

မိုးညှင်းမြို့တွင် မီးပြတ်တောက်နေစဉ်အတွင်း ခိုင်ကြည်ဇင်မိသားစုမှ ဖုန်းနှင့် EV ပစ္စည်းများ အခမဲ့အားသွင်းပေးလျက်ရှိ

Apr 21 • 3:37 AM

breaking-news

Myanmar

Kachin

cover

မိုးညှင်းမြို့တွင် မီးပြတ်တောက်နေစဉ်အတွင်း ခိုင်ကြည်ဇင်မိသားစုမှ ဖုန်းနှင့် EV ပစ္စည်းများ အခမဲ့အားသွင်းပေးလျက်ရှိ

မိုးညှင်းခရိုင်အတွင်း (၂) ပတ်ကြာ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်နေစဉ် ပြည်သူများအခက်အခဲပြေလည်စေရန်အတွက် "ခိုင်ကြည်ဇင်မိသားစု" မှ နေအိမ်တွင် EV ဆိုင်ကယ်၊ EV စက်ဘ...

မိုးညှင်းခရိုင်အတွင်း (၂) ပတ်ကြာ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်နေစဉ် ပြည်သူများအခက်အခဲပြေလည်စေရန်အတွက် "ခိုင်ကြည်ဇင်မိသားစု" မှ နေအိမ်တွင် EV ဆိုင်ကယ်၊ EV စက်ဘီး၊ လက်ကိုင်ဖုန်း၊ Power Bank နှင့် အရေးပေါ်မီးလုံးများကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့အားသွင်းပေးလျက်ရှိသည်။ လာရောက်အားသွင်းသူများအနေဖြင့် ကိုယ်ပိုင်အားသွင်းကြိုးများ ယူဆောင်လာရန်နှင့် ရေသန့်ကိုပါ အခမဲ့တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း အသိပေးထားကာ ယခုကဲ့သို့ ခက်ခဲသောကာလတွင် ဒေသခံအချင်းချင်း စေတနာရှေ့ထား၍ ကူညီဖေးမပေးနေမှုအပေါ် မြို့ခံများက အထူးကျေးဇူးတင်ရှိနေကြကြောင်း သိရှိရပါသည်။

news-view-count-icon

23