မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်တို့၌ လျှပ်စစ်မီးပြတ်တောက်ချိန်အတွင်း အခမဲ့ အားသွင်းနိုင်သည့် စုရပ် (၂၁) နေရာ စီစဉ်ပေးထား

Apr 21 • 3:35 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်တို့၌ လျှပ်စစ်မီးပြတ်တောက်ချိန်အတွင်း အခမဲ့ အားသွင်းနိုင်သည့် စုရပ် (၂၁) နေရာ စီစဉ်ပေးထား

ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူများအခက်အခဲမဖြစ်စေရန် မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်ရှိ လျှပ်စစ...

ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူများအခက်အခဲမဖြစ်စေရန် မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်ရှိ လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ ခွဲရုံများနှင့် ကုမ္ပဏီရုံးများ စုစုပေါင်း (၂၁) နေရာတွင် ဖုန်း၊ Power Bank၊ လျှပ်စစ်မီးသီးများနှင့် EV ဆိုင်ကယ်/စက်ဘီးများကို မီးစက်များအသုံးပြု၍ အခမဲ့အားသွင်းပေးခြင်း ဝန်ဆောင်မှုကို နေ့စဉ် နံနက်နှင့် ညနေပိုင်းအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ဆေးရုံနှင့် ဘဏ်များကဲ့သို့ အရေးကြီးနေရာများတွင် လုပ်ငန်းမပြတ်တောက်စေရန် သီးသန့်စီမံထားရှိပြီး၊ လိုအပ်ချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အားသွင်းနိုင်သည့်နေရာများကို ထပ်မံတိုးချဲ့ပေါင်းစပ်ဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

10