back

မင်းဘူးခရိုင်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

Apr 21 • 3:33 AM

breaking-news

Myanmar

Magway

cover

မင်းဘူးခရိုင်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဧပြီလ ၁၉ ရက်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များနှင့် လေဘေးသင့်ပြည်သ...

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဧပြီလ ၁၉ ရက်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါထောက်ပံ့မှုတွင် လုံးဝပျက်စီးသွားသည့် နေအိမ် ၄၈ လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ၂၃၈ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးများ၊ လူဦးရေ ၇၈၇ ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေ အပါအဝင် စုစုပေါင်းကျပ်သိန်း ၂၅၀ ကျော်တန်ဖိုးရှိ ငွေကြေးနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဒီဇယ်ဆီရောင်းချပေးနေမှုများကိုလည်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

25