စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ကစပြီး သောက်သုံးရေသန့်ဈေးနှုန်းတွေ ထပ်ပြီး မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခြေခံကုန်ဈေးနှုန်းတွေနဲ့အတူ ရေသန့်ဈေးပါ လိုက်တက်လာတာကြောင့် မြို့ခံတွေအတွက် နေ့စဉ်လူမှုဘဝမှာ ပိုပြီး အခက်တွေ့လာရပါတယ်။ရေသန့်ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီ၊ ရေသန့်ဗူးခွံ၊ ပါကင်လိပ်နဲ့ တခြားကုန်ကြမ်းပစ္စည်းဈေးတွေ တက်နေတာကြောင့် အခုလို ဈေးနှုန်းတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရေသန့်လုပ်ငန်းရှင်တွေဘက်က ဆိုပါတယ်။ အရင်က ရေသန့် ၂၀ လီတာ ဗူးကြီးတစ်ဗူးကို ၁၅၀၀ ကျပ်ပဲ ရှိရာကနေ ပြီးခဲ့တဲ့ မတ်လအထိ လက်လီ ၂,၀၀၀ ကျပ်၊ လက်ကား ၁,၇၀၀ ကျပ် ဈေးတက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီနေ့ကစပြီး လက်လီ ၃,၀၀၀ ကျပ်နဲ့ လက်ကား ၂,၇၀၀ ကျပ်အထိ ဈေးထပ်တက်သွားပါတယ်။ ရေသန့်ဗူးအသစ် ဝယ်ယူမယ်ဆိုရင်လည်း အရင်က ၅,၀၀၀ ကျပ်ဝန်းကျင်ပဲ ရှိပေမဲ့ အခုဆိုရင် တစ်ဗူးကို ၁၀,၀၀၀ ကျပ်ကျော်အထိ ပေးနေရတယ်လို့ သိရပါတယ်။
Apr 21 • 3:10 AM
Myanmar
Sagaing
Share
| 26 | 0 | 0 | 0 |


