ကချင်ပြည်နယ် တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်ရှိ တနိုင်း-မိုင်ခွန်သွားလမ်းဘေးရှိ ဆွမ်ပရာဘွမ် KTV စားသောက်ဆိုင်၌ ဒီနေ့ မနက်ပိုင်း ၈း၃၀ အချိန်ခန့်ကစတင်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ် ဆိုင်ဝန်ထမ်း ယောက်ကျားလေး တစ်ဦးမှဝန်ထမ်းများ စားဖို့အတွက် ဟင်းချက်နေစဥ် အပေါ့အပါးခဏ ထွက်သွားရာမှပြန်လာချိန် မီး စလောင်နေတာကို မြင်တွေ့သိရတယ်လို့ပြောပါတယ်။အနီးနားမှာလည်း စားဆီပုံး၊ဂက်အိုးတွေရှိပြီး ဘယ်လိုကူးစက်လောင်းသွားတာလဲတော့ သေချာမသိဘူးလို့ဆိုပါတယ် နောက် မီးဖိုလ်ဆောင် ခေါင်ကလည်း မလုံတော့ ရေစက်ကျပြီး စလောင်နိုင်တာလဲ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ယင်းသို့မီးလောင်းခြင့်ကြောင့် ဝန်ထမ်းနေအဆောင်များ ကား ၂ စီး( AD-ဘင်၊COW)၊ရပ်ကွက်ရုံးများ ကူးစက်လောင်ကျွမ်း ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။အခင်းဖြစ်နေရာသို့ တနိုင်း မီးသတ်တပ်ဖွဲ့များ ရောက်ရှိလာပြီး ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ ၉း၃၀ အချိန် မီးအားလုံး ငြိမ်းသတ်နိုင်ခဲ့ပါတယ်



