စင်ကာပူနိုင်ငံ အစားအသောက်အေဂျင်စီ (SFA) သည် နိုင်ငံ၏ စားနပ်ရိက္ခာ အရင်းအမြစ်များကို တိုးချဲ့ရန်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂရိ၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့မှ အသားနှင့် ဥအမျိုးမျိုး တင်သွင်းခြင်းကို အတည်ပြုလိုက်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ဤဆုံးဖြတ်ချက်အရ စင်ကာပူသည် ဂရိနိုင်ငံမှ ဝက်သား၊ လစ်သူယေးနီးယားနိုင်ငံမှ ကြက်သားနှင့် လတ်ဗီးယားနိုင်ငံမှ ကြက်ဥများကို တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ SFA အနေဖြင့် အဆိုပါနိုင်ငံများ၏ အစားအသောက်ဘေးကင်းလုံခြုံမှုနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုစနစ်များကို အသေးစိတ်လေ့လာပြီးနောက် ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။စင်ကာပူနိုင်ငံသည် ၎င်း၏ စားနပ်ရိက္ခာ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်းနေရသဖြင့် အရင်းအမြစ်များကို တစ်နေရာတည်းတွင် မစုဘဲ နိုင်ငံပေါင်းစုံမှ တင်သွင်းခြင်းဖြင့် ရိက္ခာဖူလုံမှုကို တည်ဆောက်လျက်ရှိသည်။ လက်ရှိတွင် စင်ကာပူသို့ ကြက်ဥတင်သွင်းခွင့်ပြုထားသည့် နိုင်ငံပေါင်း ၂၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံသို့ ဂရိ၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့မှ အသားနှင့် ဥအမျိုးမျိုး တင်သွင်းရန် အတည်ပြု
Apr 20 • 5:08 AM
Singapore
Local News
Share
| 10 | 0 | 0 | 0 |


