back

ဧရာဝတီတိုင်းအတွင်း နွေစပါးအချို့ ဈေးအနည်းငယ်ပြန်တက်လာ

Apr 20 • 4:27 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းအတွင်း နွေစပါးအချို့ ဈေးအနည်းငယ်ပြန်တက်လာ

ဧရာဝတီတိုင်းအတွင်းမှာ နွေစပါးတွေ ပေါ်လာချိန် စပါးစျေးတွေ တဖြည်းဖြည်း ကျနေခဲ့ရာကနေ အခုအခါ စျေးအ နည်းငယ်ပြန်တက်လာတယ်လို့ စပါးဝယ်ရောင်းလုပ်နေသူတွေနဲ့ တောင်သူတွေက ပ...

ဧရာဝတီတိုင်းအတွင်းမှာ နွေစပါးတွေ ပေါ်လာချိန် စပါးစျေးတွေ တဖြည်းဖြည်း ကျနေခဲ့ရာကနေ အခုအခါ စျေးအ နည်းငယ်ပြန်တက်လာတယ်လို့ စပါးဝယ်ရောင်းလုပ်နေသူတွေနဲ့ တောင်သူတွေက ပြောကြပါတယ်။အရင်က တင်းတစ်ရာကို ကျပ် ၁၅ သိန်းဝန်းကျင်ရှိခဲ့တဲ့ အညာသားနဲ့ ရက် ၉၀ စပါးတို့ဟာ အခုအခါ ၁၈ သိန်းဝန်း ကျင်ထိ စျေးတက်လာခဲ့တာပါ။တခြားနွေစပါးတွေကတော့ တင်းတစ်ရာကို ကျပ် ၁၂ သိန်းဝန်းကျင်ပဲ စျေးရှိနေတယ်လို့ သိရပါတယ်။ အဲဒီစပါး တွေဟာ နွေစပါးပေါ်ခါစမှာ တင်းတစ်ရာကို ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးရှိခဲ့ရာကနေ နွေစပါးလှိုင်လာချိန် တ ဖြေးဖြေး စျေးကျသွားခဲ့ကာ အခုအခါ စျေးအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။

news-view-count-icon

26