ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှတောင်သူများထံ သက်သာသောစျေးနှုန်းဖြင့် ယနေ့ ဧပြီ ၁၉ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းအစိုးရအဖွဲ့တို့ပူးပေါင်း၍ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ နွေစပါးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးရေးအတွက် မြေယာပြုပြင်ရန်ကျန်ရှိသော စိုက်ပျိုးမြေဧက(၂၀,၅၆၉)ဧကအတွက် တစ်ဧကလျှင် စက်သုံးဆီ တစ်ဂါလန်နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ပွင့်ဖြူမြို့ နယ်မှ တောင်သူများထံ ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို တိုက်ရိုက်ရောင်းချ
Apr 20 • 1:19 AM
Myanmar
Magway
Share
| 25 | 0 | 0 | 0 |


